ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ ဝင်ကြေးကောက်ခံမည့် အစီအစဉ်တစ်ရပ်ကို ထိုင်းအစိုးရက အဆိုပြုထားပြီး အဆိုပါ ဝင်ငွေများကို ထိုင်းခရီးသွားလုပ်ငန်း မြှင့်တင်ရေး ရန်ပုံငွေအတွင်းသို့ ထည့်သွင်းသွားမည်ဖြစ်သည်။ကောက်ခံရရှိသည့် ငွေကြေးများကို လက်ရှိ ခရီးသွားနေရာများနှင့် မြို့ငယ်များရှိ နေရာသစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားများအတွက် အာမခံနှင့် လုံခြုံရေး အစီအမံများ ထားရှိပေးရေး၊ သဘာဝပတ်ဝန်းကျင် ပြန်လည်ထိန်းသိမ်းရေးဟူသော အဓိက ရည်ရွယ်ချက် ၃ ခုအတွက် အသုံးပြုသွားရန် စီစဉ်ထားသည်။ယင်းအဆိုပြုချက်မှာ ကနဦးအဆင့်၌သာ ရှိသေးသဖြင့် ကောက်ခံမည့် နှုန်းထား၊ နည်းလမ်းနှင့် စတင်မည့်ရက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ လတ်တလောတွင် ထိုင်းခရီးသွားလာရေးနှင့် အားကစား ဝန်ကြီးဌာနက ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်စေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 12 • 1:57 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


