back

ထိုင်းတွင် ရထားနှင့် ဘတ်စ်ကားတိုက်မိမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ မိသားစု ထိုင်းလူမှုဖူလုံရေးဥပဒေအရ ဘတ် ၂ သန်း အကျိုးခံစားခွင့်ရရှိ

Aug 11 • 12:20 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ရထားနှင့် ဘတ်စ်ကားတိုက်မိမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏ မိသားစု ထိုင်းလူမှုဖူလုံရေးဥပဒေအရ ဘတ် ၂ သန်း အကျိုးခံစားခွင့်ရရှိ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မက္ကဆန်ဘူတာအနီး ရထားသံလမ်းကူးတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ရထားတိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ မြ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မက္ကဆန်ဘူတာအနီး ရထားသံလမ်းကူးတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ရထားတိုက်မိပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ရသူ မြန်မာနိုင်ငံသား မအေးအေးမြင့်၏ ကျန်ရစ်သူမိသားစုသည် ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေအရ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့် ဘတ် ၂ သန်းကို ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ထိုက်တန်သည့် အကျိုးခံစားခွင့်များ အမြန်ဆုံး ရရှိနိုင်ရေးအတွက် မြန်မာသံရုံး၏ လမ်းညွှန်မှုဖြင့် အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည့် ဥပဒေကြောင်းအရ ကူညီဆောင်ရွက်မှုများကို ဝိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

24