back

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် မြန်မာ့မျိုးဆက်သစ် ကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

Aug 11 • 10:41 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် မြန်မာ့မျိုးဆက်သစ် ကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

မလေးရှားနိုင်ငံ၌ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင်မ...

မလေးရှားနိုင်ငံ၌ ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင်များအနက် ဒုတိယဆု ငွေတံဆိပ်ဆွတ်ခူးခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ်လ ၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့် Plaque ကို MEF Hall of Fame တွင် တပ်ဆင်ဂုဏ်ပြုခဲ့ပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အကယ်ဒမီ ဒေါ်ခင်သီတာထွန်း မိသားစုတို့က ၂၀၂၇ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ နှစ်နှစ်စာ ပညာသင်ဆုနှင့် ထောက်ပံ့ကြေး စုစုပေါင်း ကျပ် ၇၄ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

11