back

ယူအေအီး‌နိုင်ငံ၊ ဒူဘိုင်း၏ အိမ်ခြံမြေ ဈေးနှုန်းများနှင့် အိမ်ငှားခများ ပြန်လည် ကျဆင်း

Aug 11 • 7:31 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး‌နိုင်ငံ၊ ဒူဘိုင်း၏ အိမ်ခြံမြေ ဈေးနှုန်းများနှင့် အိမ်ငှားခများ ပြန်လည် ကျဆင်း

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ယခုနှစ်အတွင်း အိမ်ရာအဆောက်အအုံ သစ်ပေါင်း ၃၂,၀၀၀ ကျော် ထပ်မံ ထွက်ရှိလာမည် ဖြစ်သဖြင့် ဈေးကွက်အတွင်း အိမ်ရာ ထောက်ပံ့မှု (Supply) မြင...

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ယခုနှစ်အတွင်း အိမ်ရာအဆောက်အအုံ သစ်ပေါင်း ၃၂,၀၀၀ ကျော် ထပ်မံ ထွက်ရှိလာမည် ဖြစ်သဖြင့် ဈေးကွက်အတွင်း အိမ်ရာ ထောက်ပံ့မှု (Supply) မြင့်တက်လာကာ အိမ်ခြံမြေ အရောင်းဈေးနှုန်းများနှင့် အိမ်ငှားခများ ပြန်လည် လျော့ကျလာကြောင်း အိမ်ခြံမြေ အကြံပေး လုပ်ငန်းများ၏ အစီရင်ခံစာများအရ သိရသည်။လွန်ခဲ့သည့် နှစ်များအတွင်း ဒူဘိုင်း အိမ်ခြံမြေ ဈေးကွက်သည် ရင်းနှီးမြှုပ်နှံသူများပြား၍ ဈေးနှုန်းများ စံချိန်တင် မြင့်တက်ခဲ့သော်လည်း ယခုအခါ အဆောက်အအုံသစ်များ အရေအတွက် များပြားစွာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် ငှားရမ်းခများနှင့် အရောင်းဈေးနှုန်းများ ငြိမ်သက်သွားပြီး ကျဆင်းသည့် ဘက်သို့ ဦးတည်လာခြင်းဖြစ်သည်။သုတေသန ပညာရှင်များ၏ သုံးသပ်ချက်အရ အဆိုပါ အိမ်ရာသစ်များ ထပ်မံ ထွက်ရှိလာမှုသည် အိမ်ငှားများ နှင့် အိမ်ဝယ်ယူသူများအတွက် ရွေးချယ်စရာ ပိုမို များပြားလာစေပြီး ဒူဘိုင်း အိမ်ခြံမြေ ဈေးကွက်ကို ပိုမို မျှတပြီး ရေရှည် တည်တံ့သော အခြေအနေသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

8