back

တောင်ကိုရီးယား၌ မသန်စွမ်းသူများ၏ အခွင့်အရေး ဆန္ဒပြမှုကြောင့် ယောင်းဆန် မြေအောက်ရထားဘူတာ စီးနင်းမှုများ ခေတ္တ အနှောင့်အယှက်ဖြစ်ခဲ့ရ

Aug 11 • 7:03 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ မသန်စွမ်းသူများ၏ အခွင့်အရေး ဆန္ဒပြမှုကြောင့် ယောင်းဆန် မြေအောက်ရထားဘူတာ စီးနင်းမှုများ ခေတ္တ အနှောင့်အယှက်ဖြစ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံ၊ ဆေအူးလ်မြို့ရှိ မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အဖွဲ့ (Solidarity Against Disability Discrimination - SADD) သည် ၂၀၂၆ ခုနှစ်...

တောင်ကိုရီးယားနိုင်ငံ၊ ဆေအူးလ်မြို့ရှိ မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်မြှင့်တင်ရေး အဖွဲ့ (Solidarity Against Disability Discrimination - SADD) သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက် (တနင်္လာနေ့) နံနက် ၈ နာရီခန့်တွင် ယောင်းဆန် (Yongsan Station) နှင့် ဟျဲဟွာ (Hyehwa Station) မြေအောက်ရထား ဘူတာများ၌ ရုတ်တရက် ရထားစီးနင်း ဆန္ဒပြပွဲ ကျင်းပခဲ့ကြသည်။အဆိုပါ ဆန္ဒပြမှုတွင် ဝှီးချဲလ်စီး မသန်စွမ်းသူများသည် လာမည့်နှစ် ဘဏ္ဍာရေးရန်းပုံငွေ၌ မသန်စွမ်းသူများ၏ သွားလာရေး အခွင့်အရေးနှင့် သက်သာချောင်ချိရေး ဘတ်ဂျက် တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြပြီး ရထားပေါ်သို့ အခါခါ တက်လိုက်ဆင်းလိုက် ပြုလုပ်ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။အဆိုပါ လုပ်ရပ်ကြောင့် ရထားလိုင်း ပုံမှန်ပြေးဆွဲရေး လုံခြုံရေးအရ ရထားထိန်းချုပ်ရေး အာဏာပိုင် (KORAIL) က နံနက် ၈:၁၀ နာရီမှ ၁၀:၀၆ နာရီအထိ ၂ နာရီနီးပါးကြာ ယောင်းဆန်ဘူတာ၌ ရထားများကို မရပ်နားဘဲ ကျော်လွန်မောင်းနှင်စေခဲ့သဖြင့် နံနက်ပိုင်း ရုံးတက်ချိန် ခရီးသွားပြည်သူများ အဆင်မပြေမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

news-view-count-icon

12