၂၀၂၅ MNL League Cup ချန်ပီယံ ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၂၆-၂၇ ရာသီ AFC Challenge League (ACGL) ပြိုင်ပွဲ၏ အရှေ့အာရှဇုန် ခြေစစ်ပွဲအဆင့်အဖြစ် လာအိုကလပ် Ezra FC အသင်းနှင့် လာမည့် စက်တင်ဘာလ ၈ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ အိမ်ကွင်းလက်ခံ ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်သင်းစလုံးသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ရာသီ ခြေစစ်ပွဲတွင်လည်း တွေ့ဆုံခဲ့ဖူးပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် Ezra FC အသင်းက အနိုင်ရရှိခဲ့သဖြင့် ယခုနှစ်ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အတွက် အိမ်ကွင်း၌ ပြန်လည်အနိုင်ယူရမည့် အခွင့်အရေးဖြစ်ကာ အဆိုပါပွဲစဉ်တွင် အနိုင်ရသည့်အသင်းသည် အုပ်စုအဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၅ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းမှာမူ ACGL အုပ်စုအဆင့်သို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင်း သိရသည်။
၂၀၂၆-၂၇ ရာသီ AFC Challenge League ခြေစစ်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း လာအိုကလပ် Ezra FC နှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်
Aug 10 • 11:27 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်-၁၀၅ မိုင်ကြား ပြည်ထောင်စုကားလမ်းမပေါ်၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်သွားလာနိုင်ပြီဖြစ်
မန္တလေးတိုင်းဒေသကြီး၊စဉ့်ကိုင်မြို့နယ်၌ ဒုဋ္ဌဝတီမြစ်ရေတက်၍ ကျေးရွာများအတွင်း ရေဝင်ရောက်သဖြင့် ပြည်သူ ၁,၈၀၀ ကျော်နှင့် တိရစ္ဆာန် ၄၅၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရ

