တိုင်ဖွန်းမုန်တိုင်း Dolphin (Typhoon Dolphin) ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ဒူဘိုင်းမှ တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ဟန်ကျိုးမြို့များသို့ ပျံသန်းမည့် Emirates လေကြောင်းလိုင်း ခရီးစဉ်အချို့ကို ရက်ရွှေ့ဆိုင်း လိုက်ရကြောင်း သိရသည်။ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များအတွင်း ပြေးဆွဲမည့် EK302၊ EK304၊ EK303၊ EK305 (ရှန်ဟိုင်း ခရီးစဉ်များ) နှင့် EK310၊ EK311 (ဟန်ကျိုး ခရီးစဉ်များ) အပါအဝင် ခရီးစဉ်အများအပြား၏ ထွက်ခွာချိန်များကို နာရီပိုင်းအသီးသီး နောက်ဆုတ်လိုက်ရခြင်းဖြစ်သည်။Emirates လေကြောင်းလိုင်းက ခရီးသည်များအနေဖြင့် လေဆိပ်သို့ မလာရောက်မီ ၎င်းတို့၏ ပျံသန်းမှု အခြေအနေများကို အွန်လိုင်းမှတစ်ဆင့် ပုံမှန် စစ်ဆေးကြရန်နှင့် ဆက်သွယ်ရန် အချက်အလက်များကို Update ပြုလုပ်ထားကြရန် အသိပေး နှိုးဆော်ထားသည်။


