ဂျပန်နိုင်ငံက တာခဲရှိမ (Takeshima) ဟုခေါ်ပြီး တောင်ကိုရီးယားက ဒေါ့ဒို (Dokdo) ဟု ခေါ်ဆိုသည့် ပိုင်နက်အငြင်းပွားကျွန်းစုအနီး ဂျပန်၏ သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း တောင်ကိုရီးယား ပင်လယ်ရေကြောင်း သုတေသနသင်္ဘော တစ်စီး၏ စာရင်းမသွင်းဘဲ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနှင့် အိုရှီးနီးယားရေးရာ ညွှန်ကြားရေးမှူးချုပ် Masaaki Kanai သည် တိုကျိုမြို့ရှိ တောင်ကိုရီးယား သံရုံး ဒုတိယအကြီးအကဲ Lee Sang-yeol အား ဆက်သွယ်၍ ကြိုတင်ခွင့်ပြုချက် မယူဘဲ သုတေသနပြုလုပ်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
Aug 10 • 4:12 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


