အာဆီယံ ဒေသတွင်း နယ်စပ်ဖြတ်ကျော် မီးခိုးမြူ (Transboundary Haze) များ တိုက်ခိုက်လာမှုကြောင့် မလေးရှားနိုင်ငံ၊ ဆာရာဝက် (Sarawak) ပြည်နယ်အတွင်းရှိ ဒေသ ၅ ခုတွင် လေထုညစ်ညမ်းမှုညွှန်းကိန်း (API) သည် ကျန်းမာရေးအတွက် မကောင်းသည့် အဆင့် (Unhealthy Levels - API 100 ထက်ကျော်လွန်) သို့ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။လေထုအရည်အသွေး ထိခိုက်နေသည့် ဒေသများမှာ Serian၊ Kuching၊ Samarahan၊ Sri Aman နှင့် Bintulu တို့ဖြစ်ကြပြီး အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်ဒေသမှ ထွက်ပေါ်လာသည့် တောမီး မီးခိုးမြူများ လေတိုက်ခတ်မှုကြောင့် ပါလာခြင်းဖြစ်သည်။သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန (DOE) နှင့် အာဏာပိုင်များက အခြေအနေကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး ပြည်သူများအနေဖြင့် ပြင်ပလှုပ်ရှားမှုများကို လျှော့ချရန်နှင့် အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန် သတိပေး နှိုးဆော်ထားသည်။
မလေးရှား၌ မီးခိုးမြူများကြောင့် ဆာရာဝက်ပြည်နယ် ဒေသ ၅ ခုတွင် လေထုအရည်အသွေး မကျန်းမာသည့် အဆင့်သို့ ရောက်ရှိ
Aug 10 • 4:10 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


