ကမ္ဘောဒီးယားနိုင်ငံ၏ ထင်ရှားသည့် အန်းကော ရှေးဟောင်းသုတေသန ဥယျာဉ် (Angkor Archaeological Park) သို့ ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း တရုတ်ခရီးသွား ၅,၇၅၀ ဦးကျော် လာရောက်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ၀.၅၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုးတက်မှုကြောင့် ဇူလိုင်လအတွင်း အန်းကောသို့ နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုတွင် တရုတ်နိုင်ငံက ပထမနေရာ၌ ရပ်တည်ခဲ့သည်။သို့သော်လည်း ၂၀၂၆ ခုနှစ်၏ ပထမ ၇ လအတွင်း တရုတ်ခရီးသွား စုစုပေါင်း ၃၉,၇၄၂ ဦးသာ လာရောက်ခဲ့ရာ ယခင်နှစ်ထက် ၂၅.၄ ရာခိုင်နှုန်း လျော့နည်းနေဆေဖြစ်သည်။ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီး ထို့ဟက် (Huot Hak) ၏ ပြောကြားချက်အရ ဒေသတွင်းနှင့် ကမ္ဘာ့အခြေအနေများ၊ သတင်းအမှားများ၊ အွန်လိုင်း လိမ်လည်မှုဆိုင်ရာ သတင်းများနှင့် ကမ္ဘောဒီးယား-ထိုင်း နယ်စပ် တင်းမာမှုများအပြင် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့် စက်သုံးဆီစျေး မြင့်တက်လာမှုတို့သည် ကမ္ဘာ့ခရီးသွားကဏ္ဍ အထွေထွေ လျော့နည်းရခြင်း၏ အဓိက အကြောင်းအရင်းများ ဖြစ်ကြောင်း သိရသည်။


