ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း-အလယ်ပိုင်း ငဲအန်ခရိုင် (Nghe An)၊ မီလီမြို့နယ် (My Ly) တွင် လာအိုနိုင်ငံဘက်မှ စီးဝင်လာသည့် ရေကြီးရေလျှံမှုများကြောင့် နမ်နွန်မြစ် (Nam Non River) ကို ဖြတ်သန်းဆောက်လုပ်ထားသော ယန်းဟွာ (Yen Hoa) ယာယီတံတား၏ အစိတ်အပိုင်းများ မျောပါပျက်စီးသွားခဲ့သည်။အဆိုပါ တံတားပျက်စီးမှုကြောင့် အနီးအနားရှိ ယန်းဟွာ၊ ညော့လော့ နှင့် ပျန်းပင် စသည့် နယ်စပ်ကျေးရွာများမှ အိမ်ထောင်စု ၄၀၀ ကျော် (ကျေးရွာနေ ပြည်သူများ) သည် မြို့နယ်ဗဟိုဌာနနှင့် ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရသည်။ သက်ဆိုင်ရာ အာဏာပိုင်များက အဆိုပါနေရာအား အန္တရာယ်ရှိဇုန်အဖြစ် ပိတ်ဆို့ထားပြီး ပြည်သူများ သွားလာမှုကို တားမြစ်ထားကာ လိုအပ်ပါက စက်လှေများဖြင့်သာ အကူအညီပေးလျက်ရှိသည်။ထို့ပြင် အိမ်နီးချင်း မောင်းတစ် (Muong Tip) မြို့နယ်တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားကာ လမ်းကြောင်းအချို့ ပိတ်ဆို့နေသဖြင့် အာဏာပိုင်များက အရေးပေါ် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဗီယက်နမ် ငဲအန်ခရိုင်၌ ရေကြီးမှုကြောင့် ယာယီတံတား မျောပါသွားပြီး အိမ်ထောင်စု ၄၀၀ ကျော် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
Aug 10 • 3:04 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


