ယခုနှစ်နွေရာသီတွင် ဥရောပတိုက်နေရာအများအပြား၌ အစွန်းရောက်အပူပြင်းထန်သည့် ရာသီဥတုနှင့် ကြုံတွေ့ခဲ့ရသဖြင့် တရုတ်လေအေးပေးစက်များ ဥရောပဈေးကွက်တွင် ရောင်းအားစဉ်ဆက်မပြတ် ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အထူးသဖြင့် ဥရောပဈေးကွက်သို့ တင်ပို့သည့် Midea ကုမ္ပဏီထုတ် PortaSplit ရွေ့လျားရန်လွယ်ကူသော အပိုင်းလိုက်လေအေးပေးစက်သည် ရေပန်းအကျဆုံး ဖြစ်လာခဲ့ပြီး ရောင်းအားမှာ ယမန်နှစ်ထက် ဆတိုးတိုးတက်လာခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ နန်ရှားခရိုင်ရှိ Midea အိမ်သုံးလေအေးပေးစက် ကွမ်ကျိုးစက်ရုံအနေဖြင့် ပြည်ပဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရန် ထုတ်လုပ်မှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
တရုတ်လေအေးပေးစက်များ ပြည်ပတွင် ရောင်းအားအလွန်ကောင်းမွန်၊ ကွမ်တုန်းကုမ္ပဏီများ ထုတ်လုပ်မှု မြှင့်တင်လျက်ရှိ
Aug 09 • 12:34 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


