back

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် တရုတ်အရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်

Aug 09 • 12:18 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် တရုတ်အရှေ့ဘက်ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် (Dolphin) သည် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) တွင် တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၂ ကီလိုမီတာအထိဖ...

တိုင်ဖွန်းမုန်တိုင်း ဒေါ်လ်ဖင် (Dolphin) သည် ဩဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) တွင် တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းသို့ လေတိုက်နှုန်း တစ်နာရီလျှင် ၁၆၂ ကီလိုမီတာအထိဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့သဖြင့် ရှန်ဟိုင်းနှင့် ဟန်ကျိုးလေဆိပ်တို့တွင် လေယာဉ်ခရီးစဉ်ပေါင်း ၁,၆၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး ဒေသအချို့တွင် မိုးရေချိန် ၅၀၀ မီလီမီတာအထိ မိုးကြီးနိုင်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ အိုကီနာဝါကို ဖြတ်သန်းစဉ် လူ ၆ ဦး ဒဏ်ရာရကာ နေအိမ် ၅၀,၀၀၀ ကျော် မီးပြတ်ခဲ့သည့် အဆိုပါ Category Two အဆင့်ရှိ မုန်တိုင်းကြောင့် ဇီကျန်း၊ ရှန်ဟိုင်း၊ ဖူကျန်း၊ ကျန်းရှီ၊ အန်ဟွေးနှင့် ကျန်းစုပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ကြုံတွေ့ရနိုင်သဖြင့် အာဏာပိုင်များက ဘေးလွတ်ရာရွှေ့ပြောင်းခြင်း၊ ဆိပ်ကမ်းများ ပိတ်သိမ်းခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုအဆင့်များ ထုတ်ပြန်ခြင်းတို့ကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြောင်း သိရသည်။

news-view-count-icon

12