back

ဘန်ကောက် Sukhumvit လမ်းပေါ်တွင် iPhone ကိုင်၍ တောင်းရမ်းနေသည့် အမျိုးသမီးတစ်ဦးကြောင့် ဝေဖန်မှုများ မြင့်တက်

Aug 09 • 11:57 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက် Sukhumvit လမ်းပေါ်တွင် iPhone ကိုင်၍ တောင်းရမ်းနေသည့် အမျိုးသမီးတစ်ဦးကြောင့် ဝေဖန်မှုများ မြင့်တက်

ဘန်ကောက်မြို့ Sukhumvit Soi 24 တွင် iPhone ကိုင်ဆောင်ကာ တောင်းရမ်းနေသည့် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ဘန်ကောက်လမ်းမများပေါ်...

ဘန်ကောက်မြို့ Sukhumvit Soi 24 တွင် iPhone ကိုင်ဆောင်ကာ တောင်းရမ်းနေသည့် အမျိုးသမီးတစ်ဦး၏ ဓာတ်ပုံ အွန်လိုင်းပေါ်တွင် ပျံ့နှံ့သွားပြီးနောက် ဘန်ကောက်လမ်းမများပေါ်ရှိ တောင်းရမ်းမှု ပြဿနာများကို အမြန်ဆုံး အရေးယူရှင်းလင်းပေးရန် ပြည်သူများက တောင်းဆိုနေကြကြောင်း သိရသည်။ "Footpath Thai Style" လူမှုကွန်ရက်စာမျက်နှာမှ ၎င်းအမျိုးသမီးသည် အဆိုပါဧရိယာတွင် ဂိုဏ်းဖွဲ့တောင်းရမ်းနေသူများထဲမှ တစ်ဦးဖြစ်ကြောင်းနှင့် သူတစ်ပါးထံမှ ငွေကြေးတောင်းခံနေသူတစ်ဦးက iPhone ကိုင်ဆောင်ထားနိုင်သည့်အပေါ် မေးခွန်းထုတ် ရေးသားခဲ့ရာမှ ဝေဖန်မှုများ ပလူပျံသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အင်တာနက်အသုံးပြုသူ ပြည်သူများက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် Sukhumvit Soi 24 ပတ်ဝန်းကျင်အပါအဝင် လမ်းမများပေါ်က တောင်းရမ်းမှုများကို ကွင်းဆင်းစစ်ဆေးပြီး ထိရောက်စွာ ဖြေရှင်းပေးရန် တောင်းဆိုလျက်ရှိကြောင်း သိရသည်။

news-view-count-icon

10