ထိုင်းနိုင်ငံတွင် HIV ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၅၅၀,၀၀၀ ကျော်အထိ ရှိလာကြောင်း ထိုင်းကျန်းမာရေး အာဏာပိုင်များ၏ အချက်အလက်များအရ သိရပြီး တစ်ချိန်တည်းမှာပင် အိမ်နီးချင်း လာအိုနိုင်ငံ၌လည်း လူငယ်လူရွယ်များအကြား HIV ကူးစက်မှု အသစ်များ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်လိုက်သည်။လာအိုနိုင်ငံတွင် အထူးသဖြင့် အသက် ၁၅ နှစ်မှ ၂၄ နှစ်အကြား လူငယ်များ၊ အမျိုးသားချင်း လိင်တူဆက်ဆံသူများ နှင့် အခြား အန္တရာယ်ရှိ အုပ်စုများအကြား ရောဂါပိုး ကူးစက်မှု ပိုမိုများပြားလာနေခြင်းဖြစ်သည်။ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှု လိုအပ်ချက်များရှိနေခြင်း၊ ကာကွယ်ဆေးနှင့် စစ်ဆေးရေး ကိရိယာများ လုံလောက်စွာ ရရှိနိုင်မှု နည်းပါးခြင်းတို့က ကူးစက်မှု မြင့်တက်ရသည့် အဓိက အကြောင်းအရင်းများ ဖြစ်ကြသည်။လာအိုနှင့် ထိုင်း အစိုးရများ အနေဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် (HIV/AIDS) ရောဂါ ကာကွယ်တားဆီးရေး၊ စစ်ဆေးကုသရေး ဝန်ဆောင်မှုများကို ပြည်သူများ လွယ်ကူစွာ ရယူနိုင်ရေးနှင့် လူငယ်များအကြား အသိပညာပေး လှုပ်ရှားမှုများကို တိုးမြှင့် ဆောင်ရွက်သွားရန် ပြင်ဆင်လျက်ရှိသည်။
Aug 09 • 2:27 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


