back

ထိုင်းနိုင်ငံတွင် ကြောင်ကောင်ရေ ၄.၃ သန်းကျော်ရှိကြောင်း စစ်တမ်းများ ဖော်ပြ

Aug 09 • 1:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ကြောင်ကောင်ရေ ၄.၃ သန်းကျော်ရှိကြောင်း စစ်တမ်းများ ဖော်ပြ

ယမန်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကြောင်များနေ့ (International Cat Day) တွင် ထိုင်းနိုင်ငံ မွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေး ဦးစီးဌာန၏ နောက်ဆုံးစစ်တမ်းများအရ တစ်နိုင...

ယမန်နေ့က ကျရောက်ခဲ့သည့် ကမ္ဘာ့ကြောင်များနေ့ (International Cat Day) တွင် ထိုင်းနိုင်ငံ မွေးမြူရေးနှင့် တိရစ္ဆာန်ကုသရေး ဦးစီးဌာန၏ နောက်ဆုံးစစ်တမ်းများအရ တစ်နိုင်ငံလုံးတွင် ကြောင်ကောင်ရေ ၄.၃ သန်းကျော် (၄,၃၀၆,၈၄၃ ကောင်) ရှိကြောင်း သိရသည်။ ဘန်ကောက်မြို့၌တင် လမ်းဘေးကြောင် အကောင်ရေ ၈၉,၂၆၉ ကောင်ခန့် ရှိကြောင်း သိရသည်။ကမ္ဘာ့ ကြောင်များနေ့ကို ကြောင်များ၏ သက်သာချောင်ချိရေးနှင့် စွန့်ပစ်ခံရမှု ပြဿနာများကို အများပြည်သူ သတိပြုမိစေရန် ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာ တိရစ္ဆာန်သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့ (IFAW) က စတင်သတ်မှတ်ခဲ့ပြီး လက်ရှိတွင် International Cat Care အဖွဲ့က တာဝန်ယူ ကျင်းပလျက်ရှိသည်။

news-view-count-icon

10