ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါခရိုင်နှင့် တရုတ်နိုင်ငံအရှေ့ဘက် ကမ်းရိုးတန်းဒေသများသို့ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း Dolphin (ဒေါ်လ်ဖင်) ဝင်ရောက်တိုက်ခိုက်နေမှုကြောင့် လူ ၅ ဦး ဒဏ်ရာရရှိကာ အဆောက်အအုံ ၁၄,၀၀၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ခရီးသွားလာမှုအားလုံးကို ယာယီပိတ်ထားရကြောင်း သိရသည်။ မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အိုကီနာဝါနှင့် ကာဂိုရှီးမားခရိုင်တို့တွင် လေပြင်းတိုက်ခတ်နှုန်းမှာ တစ်နာရီလျှင် ၂၁၆ ကီလိုမီတာအထိ ပြင်းထန်ခဲ့ပြီး ANA နှင့် ဂျပန်လေကြောင်းလိုင်းတို့မှ ခရီးစဉ်များကို ဖျက်သိမ်းထားသည်။ တချိန်တည်းမှာပင် တရုတ်နိုင်ငံ ဇီကျင်းပြည်နယ်နှင့် ဖူကျင်းပြည်နယ်တို့သို့ မုန်တိုင်းသက်ရောက်မှုကြောင့် သြဂုတ်လ ၁၂ ရက်အထိ မိုးသည်းထန်စွာရွာသွန်းကာ မိုးရေချိန် ၆၀၀ မီလီမီတာကျော်အထိ ရှိနိုင်သဖြင့် ကမ်းရိုးတန်းသတိပေးချက်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်ထားပြီး ဆိပ်ကမ်းများ၊ ခရီးသည်တင်သင်္ဘောလိုင်း ၁၆၂ ခု၊ လေကြောင်းခရီးစဉ်များနှင့် ရထားပြေးဆွဲမှုများကိုပါ ရပ်ဆိုင်းထားကြောင်း သိရသည်။
တရုတ်နှင့် ဂျပန်တွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း Dolphin ဝင်ရောက်တိုက်ခိုက်နေ၍ ခရီးသွားလာမှုများ ရပ်ဆိုင်းထားရ
Aug 08 • 1:56 PM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


