back

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူး

Aug 08 • 1:48 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ရွှေတံဆိပ်နှင့် ငွေတံဆိပ် ဆွတ်ခူး

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။ ...

ထိုင်းနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ရွှေတံဆိပ်တစ်ခုနှင့် ငွေတံဆိပ်တစ်ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။ ဩဂုတ်လ ၇ ရက်က ယှဉ်ပြိုင်ခဲ့သည့် အမျိုးသားလေးယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက အိမ်ရှင်ထိုင်းအသင်းကို အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး၊ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင်မူ ဗီယက်နမ်အသင်းကို ရှုံးနိမ့်ကာ ငွေတံဆိပ်ဆု ရရှိခဲ့သည်။ ထို့ပြင် ဩဂုတ်လ ၈ ရက် နံနက်ပိုင်း အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ၌ ပြိုင်ဘက် ဆော်ဒီအာရေဗျအသင်း ပျက်ကွက်ခဲ့သဖြင့် မြန်မာအသင်းက ထပ်မံအနိုင်ရရှိခဲ့သည်။ အလားတူ ယနေ့ည ၇ နာရီခွဲတွင် ယှဉ်ပြိုင်မည့် ထိုင်း-မြန်မာ AFF Hyundai Cup 2026 ဘောလုံးပွဲစဉ်သို့လည်း ထိုင်းရောက်မြန်မာနိုင်ငံသားများ အားတက်သရော လာရောက်အားပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

6