back

ထိုင်းနိုင်ငံ၊နွန်သဘူရီကျောင်းတွင်းပစ်ခတ်မှုတွင် ကျောင်းသားများကိုကာကွယ်ပေးခဲ့သည့် ဆရာမမွေအပါအဝင် ၉ ဦးသေဆုံးပြီး တရားခံကျောင်းသားမှာ လူသတ်မှုများကို ကြိုတင်လေ့လာခဲ့ကြောင်းသိရ

Aug 08 • 1:01 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊နွန်သဘူရီကျောင်းတွင်းပစ်ခတ်မှုတွင် ကျောင်းသားများကိုကာကွယ်ပေးခဲ့သည့် ဆရာမမွေအပါအဝင် ၉ ဦးသေဆုံးပြီး တရားခံကျောင်းသားမှာ လူသတ်မှုများကို ကြိုတင်လေ့လာခဲ့ကြောင်းသိရ

ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ်ရှိ စာသင်ကျောင်းတစ်ခု၌ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက ၎င်း၏အဘိုးဖြစ်သူပိုင် လိုင်စင်ရသေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အခြားကျော...

ထိုင်းနိုင်ငံ၊ နွန်သဘူရီပြည်နယ်ရှိ စာသင်ကျောင်းတစ်ခု၌ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးက ၎င်း၏အဘိုးဖြစ်သူပိုင် လိုင်စင်ရသေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ အခြားကျောင်းသားများကို လိုက်လံကာကွယ်ပေးခဲ့သည့် အတိုင်ပင်ခံဆရာမ "မွေ" အပါအဝင် ဆရာများနှင့် ကျောင်းသား စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရသည်။ အဆိုပါကျောင်းသားသည် ကျောင်းသို့မလာရောက်မီ နေအိမ်၌ ၎င်း၏အဘိုးနှင့်အဘွားကိုပါ ဦးစွာပစ်သတ်ခဲ့ခြင်းဖြစ်ပြီး၊ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်များအရ ၎င်းသည် မိဘများနှင့်ခွဲခွာကာ တစ်ကိုယ်တည်းအထီးကျန်နေထိုင်တတ်ပြီး အမေရိကန်ရှိ ကျောင်းတွင်းသေနတ်ပစ်ခတ်မှုဖြစ်စဉ်များကို အွန်လိုင်းမှတစ်ဆင့် လပေါင်းများစွာ နေ့စဉ်ကြိုတင်လေ့လာကာ အတုယူကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

10