back

ထိုင်းနိုင်ငံ၊ဆူခိုထိုင်းဖူဂျီလို့ တင်စားခေါ်ဝေါ်ကြတဲ့ Khao Phra Bat Yai တောင်ဆီ သွားရောက်လည်ပတ်သူ များပြား

Aug 08 • 2:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဆူခိုထိုင်းဖူဂျီလို့ တင်စားခေါ်ဝေါ်ကြတဲ့ Khao Phra Bat Yai တောင်ဆီ သွားရောက်လည်ပတ်သူ များပြား

ထိုင်းနိုင်ငံ၊ ဆူခိုထိုင်းခရိုင်မှာရှိတဲ့ ခေါင်ဖရာဘတ်ယိုင် (Khao Phra Bat Yai) တောင်ထိပ်ဆီ ခရီးသွားတွေ လာရောက်လည်ပတ်မှု များပြားနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ဖူဂျီတေ...

ထိုင်းနိုင်ငံ၊ ဆူခိုထိုင်းခရိုင်မှာရှိတဲ့ ခေါင်ဖရာဘတ်ယိုင် (Khao Phra Bat Yai) တောင်ထိပ်ဆီ ခရီးသွားတွေ လာရောက်လည်ပတ်မှု များပြားနေပါတယ်။ ဂျပန်နိုင်ငံရဲ့ ဖူဂျီတောင်နဲ့တူတဲ့ တောင်ခိုးတောင်ငွေ့တွေ ဝန်းရံနေတဲ့ ရှုခင်းကို လာရောက်ကြည့်ရှုကြခြင်းဖြစ်ပြီး အဲဒီနေရာဟာ အလွန်ရေပန်းစားတဲ့ ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခု ဖြစ်လာပါတယ်။အဲဒီတောင်တက်ခရီးစဉ်ဟာ ၇၇၅ မီတာမြင့်ပြီး သာမန်လူတစ်ဦးအတွက် မိနစ် ၃၀ ခန့်သာ အချိန်ယူရပါတယ်။ မိုးရာသီမှာ စိမ်းလန်းတဲ့ သဘာဝအလှတရားနဲ့ လတ်ဆတ်တဲ့ လေထုကို ခံစားရနိုင်တဲ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် သိရှိလာရောက်ကြသူတွေဟာ အလွန်သဘောကျနှစ်သက်ကြပါတယ်။တောင်ထိပ်အပြင် အနီးအနားမှာ ဖရာရောင်းဆည်နဲ့ ဝပ်စဖန်ဟင် (Wat Saphan Hin) လိုမျိုး အခြားအထင်ကရနေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် ဝပ်ခေါင်ဖရာဘတ်ယိုင်ဟာ ဆူခိုထိုင်းခေတ်ကတည်းက တည်ရှိခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး ဗုဒ္ဓရဲ့ ခြေတော်ရာပွားကို ကိန်းဝပ်ပူဇော်ထားခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။


news-view-count-icon

14