ဟောင်ကောင်မြို့တွင် တရုတ်ပြည်မကြီးမှ တရားဥပဒေစိုးမိုးရေးအရာရှိများအဖြစ် ဟန်ဆောင်ထားသည့် လိမ်လည်သူများက အသက် ၄၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား ပြစ်မှုကျူးလွန်ထားကြောင်း ဖုန်းဖြင့် မဟုတ်မမှန် စွပ်စွဲကာ အပြစ်မရှိကြောင်း သက်သေပြရန် ငွေကြေးတောင်းခံခဲ့သဖြင့် သားကောင်ဖြစ်သူက ဇူလိုင်လ ၂ ရက်မှ ဩဂုတ်လ ၁ ရက်နေ့အထိ သတ်မှတ်ဘဏ်အကောင့်များသို့ ငွေကြိမ်ဖန်များစွာ လွှဲပြောင်းပေးခဲ့ရသည်။ ယင်းတစ်လကြာ လှည့်ဖြားမှုကြောင့် အမျိုးသမီးဖြစ်သူမှာ စုစုပေါင်း ဟောင်ကောင်ဒေါ်လာ ၆၈.၉ သန်းနီးပါး (အမေရိကန်ဒေါ်လာ ၈.၈ သန်းခန့်) ဆုံးရှုံးခဲ့ရကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ယနေ့ သောကြာနေ့ (ဩဂုတ်လ ၇ ရက်) တွင် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
တရုတ်အရာရှိဟန်ဆောင်၍ ဟောင်ကောင်အမျိုးသမီးတစ်ဦးထံမှ ဟောင်ကောင်ဒေါ်လာ ၆၉ သန်းနီးပါး လိမ်လည်မှုဖြစ်ပွား
Aug 07 • 1:02 PM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 10 | 0 | 0 | 0 |


