ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပြည်နယ် ၁၀ ခု (Chiang Rai, Phayao, Nan, Nong Khai, Bueng Kan, Udon Thani, Sakon Nakhon, Nakhon Phanom, Chanthaburi နှင့် Trat) တွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။ ထို့ပြင် မြို့တော်ဘန်ကောက်နှင့် အနီးတစ်ဝိုက်တွင်လည်း မိုးကြိုးမုန်တိုင်း ကျရောက်နိုင်ခြေ ၇၀ ရာခိုင်နှုန်းအထိ ရှိနေသည်။မုတ်သုံလေ အားကောင်းနေမှုကြောင့် တောင်ကျရေကျခြင်းနှင့် ရုတ်တရက် ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ရေလမ်းကြောင်းနှင့် မြေနိမ့်ပိုင်းဒေသခံများ သတိပြုရန် နှိုးဆော်ထားသည်။ ကပ္ပလီပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အထက်ပိုင်းတို့တွင် လှိုင်းအမြင့် ၃ မီတာထက်ကျော်လွန်နိုင်သဖြင့် ငါးဖမ်းလှေငယ်များ ကမ်းနား၌သာ နေကြရန် အကြံပြုထားပြီး၊ တိုင်ဖွန်းမုန်တိုင်း Dolphin မှာမူ ထိုင်းနိုင်ငံသို့ ဝင်ရောက်မည်မဟုတ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ပြည်နယ် ၁၀ ခုတွင် မိုးသည်းထန်ပြီး ဘန်ကောက်၌ မိုးကြိုးမုန်တိုင်း ကျရောက်နိုင်သဖြင့် သတိပေးချက်ထုတ်ပြန်
Aug 07 • 12:18 PM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


