back

ယူအေအီး အခြေစိုက် Emirates လေကြောင်းလိုင်းနှင့် South African Airways (SAA) တို့ ပူးတွဲလေကြောင်းလိုင်းသစ်များ တိုးချဲ့

Aug 07 • 7:37 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ယူအေအီး အခြေစိုက် Emirates လေကြောင်းလိုင်းနှင့် South African Airways (SAA) တို့ ပူးတွဲလေကြောင်းလိုင်းသစ်များ တိုးချဲ့

ယူအေအီးနိုင်ငံ၏ အထင်ကရ Emirates လေကြောင်းလိုင်းနှင့် တောင်အာဖရိကနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း South African Airways (SAA) တို့သည် နှစ်ဦးနှစ်ဖက် အပြန်အလှန် လ...

ယူအေအီးနိုင်ငံ၏ အထင်ကရ Emirates လေကြောင်းလိုင်းနှင့် တောင်အာဖရိကနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း South African Airways (SAA) တို့သည် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေကြောင်းလိုင်း ပူးပေါင်းပြေးဆွဲမှု (Reciprocal Codeshare Partnership) ကို တိုးချဲ့လိုက်ပြီး အာဖရိက ဒေသတွင်း မြို့ကြီး ၉ မြို့သို့ ခရီးစဉ်အသစ်များ အတူတကွ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ယခင်က အဆိုပါ လေကြောင်းလိုင်း နှစ်ခုသည် တစ်ဖက်သတ် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်သာ SAA ခရီးသည်များ ဒူဘိုင်းမှတစ်ဆင့် ကမ္ဘာ့မြို့ကြီးများသို့ ဆက်လက်ထွက်ခွာနိုင်ရန် ဆောင်ရွက်ခဲ့ကြသော်လည်း ယခုအခါ လိုအပ်သည့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ခွင့်ပြုချက်များ ရရှိပြီးနောက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအဖြစ် တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။ယခု သဘောတူညီချက်သစ်အရ Emirates ခရီးသည်များသည် လက်မှတ်တစ်စောင်တည်း (Single-ticket) ဖြင့် ဂျိုဟန်နက်စ်ဘာဂ် (Johannesburg) မှတစ်ဆင့် တောင်အာဖရိက ပြည်တွင်းရှိ Cape Town၊ Durban နှင့် Port Elizabeth မြို့များအပြင် အိမ်နီးချင်း အာဖရိကနိုင်ငံများရှိ Kinshasa (ကွန်ဂို)၊ Gaborone (ဘော့ဆွာနာ)၊ Windhoek (နမီးဘီးယား)၊ Lusaka (ဇမ်ဘီယာ)၊ Harare (ဇင်ဘာဘွေ) နှင့် Victoria Falls (ဇင်ဘာဘွေ) စသည့် မြို့ ၉ မြို့သို့ အိတ်ဆောင်ဗလံများ တိုက်ရိုက်ချိတ်ဆက်၍ အဆင်ပြေချောမွေ့စွာ ခရီးဆက်နိုင်တော့မည်ဖြစ်သည်။

news-view-count-icon

11