back

တောင်ကိုရီးယား၌ ပြည်ပရွှေ့ပြောင်း လုပ်သားများအပေါ် ခွဲခြား မဆက်ဆံရေး လှုပ်ရှားမှု Campaign စတင်

Aug 07 • 6:42 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား၌ ပြည်ပရွှေ့ပြောင်း လုပ်သားများအပေါ် ခွဲခြား မဆက်ဆံရေး လှုပ်ရှားမှု Campaign စတင်

တောင်ကိုရီးယား အလုပ်သမားနှင့် အလုပ်အကိုင် ဝန်ကြီးဌာနသည် စက်ရုံများနှင့် လုပ်ငန်းခွင်များတွင် ပြည်ပရွှေ့ပြောင်း လုပ်သားများအား နှိမ့်ချခေါ်ဆိုမှုများ၊ အမည်မခေါ်ဘ...

တောင်ကိုရီးယား အလုပ်သမားနှင့် အလုပ်အကိုင် ဝန်ကြီးဌာနသည် စက်ရုံများနှင့် လုပ်ငန်းခွင်များတွင် ပြည်ပရွှေ့ပြောင်း လုပ်သားများအား နှိမ့်ချခေါ်ဆိုမှုများ၊ အမည်မခေါ်ဘဲ နံပါတ် သို့မဟုတ် ယေဘုယျ အခေါ်အဝေါ်များဖြင့် ခေါ်ဆိုမှုများကို ပပျောက်စေရန်နှင့် လေးစားသမှုရှိစွာ ဆက်ဆံရေးဆိုင်ရာ "Immigrant Worker Labor Respect Campaign" အား စတင်လိုက်သည်။အဆိုပါ လှုပ်ရှားမှု၏ အစိတ်ပိုင်းတစ်ခုအဖြစ် အူးလ်ဆန် (Ulsan) မြို့ရှိ စက်ရုံတစ်ရုံတွင် ကျင်းပခဲ့သော အခမ်းအနား၌ ပြည်ပလုပ်သားများအား ၎င်းတို့၏ အမည်ရင်းများ ရေးထိုးထားသည့် ဘေးကင်းရေး ဆိုင်ကယ်ဆောင်း ဦးထုပ် (Safety Helmets) များကို တာဝန်ရှိသူများက ဝေငှပေးခဲ့သည်။ စကားပြောဆို ဆက်ဆံရာတွင် လေးစားမှုရှိခြင်းသည် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း အာဏာပိုင်များက ထောက်ပြပြောကြားထားသည်။တောင်ကိုရီးယားနိုင်ငံတွင် လုပ်သားအင်အား လိုအပ်ချက်များပြားလာ၍ ပြည်ပလုပ်သား အဆမတန် တိုးမြှင့်ခေါ်ယူလျက်ရှိရာ ယခုကဲ့သို့ စက်ရုံအဆင့်မှစ၍ ဆက်ဆံရေးနှင့် မခွဲခြားရေး အလေ့အထများကို ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။

news-view-count-icon

16