back

ကမ္ဘောဒီးယားက ဆန်တင်ပို့မှု ပမာဏ တစ်နှစ်လျှင် တန်ချိန် ၁ သန်း တင်ပို့ရေး စီစဉ်နေ

Aug 07 • 3:32 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားက ဆန်တင်ပို့မှု ပမာဏ တစ်နှစ်လျှင် တန်ချိန် ၁ သန်း တင်ပို့ရေး စီစဉ်နေ

ကမ္ဘောဒီးယားနိုင်ငံ၏ ချောဆန် (Milled Rice) ပြည်ပသို့ တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း တန်ချိန် ၇၀၇,၄၇၁ ထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆၈ ရာခိုင်နှုန...

ကမ္ဘောဒီးယားနိုင်ငံ၏ ချောဆန် (Milled Rice) ပြည်ပသို့ တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း တန်ချိန် ၇၀၇,၄၇၁ ထိ ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၆၈ ရာခိုင်နှုန်းခန့် သိသိသာသာ မြင့်တက်လာကြောင်း ကမ္ဘောဒီးယား ဆန်စပါး အဖွဲ့ချုပ် (CRF) ၏ အချက်အလက်များအရ သိရသည်။

ယခု တင်ပို့မှုမှ စုစုပေါင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၅ သန်းခန့် ရရှိခဲ့ကာ တင်ပို့မှု တန်ဖိုးအားဖြင့်လည်း ၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဥရောပသမဂ္ဂ (EU) နိုင်ငံများသည် ကမ္ဘာ့အကြီးဆုံး စျေးကွက်အဖြစ် ဆက်လက် တည်ရှိနေပြီး တရုတ်နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် ၅ နိုင်ငံတို့ကလည်း အဓိက ဝယ်ယူသူများအဖြစ် ပါဝင်လျက်ရှိသည်။တင်ပို့သည့် ဆန်အမျိုးအစားများတွင် အမွှေးဆန် (Fragrant Rice) မှာ ၅၉ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံး ဖြစ်ပြီး ဆန်ဖြူ၊ ဆန်ကွဲနှင့် အော်ဂဲနစ်ဆန်များလည်း ပါဝင်သည်။ ယခုကဲ့သို့ ပြည်ပ ဝယ်လိုအား အားကောင်းနေခြင်းကြောင့် ကမ္ဘောဒီးယား အစိုးရနှင့် CRF တို့၏ တစ်နှစ်လျှင် ချောဆန် တန်ချိန် ၁ သန်း တင်ပို့ရေး ရည်မှန်းချက်ကို ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ ပြည့်မီနိုင်မည်ဟု ခန့်မှန်းထားကြသည်။

news-view-count-icon

11