back

ဗီယက်နမ် ဖူးကွက် လေဆိပ်ရဲတပ်ဖွဲ့မှ ဒေါ်လာ ၉,၀၀၀ တန် ပျောက်ဆုံးသွားသော Rolex နာရီအား တရုတ်ခရီးသွားထံ ပြန်လည်ရှာဖွေ လွှဲပြောင်းပေး

Aug 07 • 3:16 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ် ဖူးကွက် လေဆိပ်ရဲတပ်ဖွဲ့မှ ဒေါ်လာ ၉,၀၀၀ တန် ပျောက်ဆုံးသွားသော Rolex နာရီအား တရုတ်ခရီးသွားထံ ပြန်လည်ရှာဖွေ လွှဲပြောင်းပေး

ဗီယက်နမ်နိုင်ငံ ဖူးကွက် (Phu Quoc) အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသား ခရီးသွားတစ်ဦး လေဆိပ်အတွင်း ကျပျောက်သွားခဲ့သည့် အမေရိကန်ဒေါ်လာ ၉...

ဗီယက်နမ်နိုင်ငံ ဖူးကွက် (Phu Quoc) အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံသား ခရီးသွားတစ်ဦး လေဆိပ်အတွင်း ကျပျောက်သွားခဲ့သည့် အမေရိကန်ဒေါ်လာ ၉,၀၀၀ ခန့် တန်ဖိုးရှိ Rolex တံဆိပ် အဆင့်မြင့် နာရီတစ်လုံးကို အချိန်တိုအတွင်း ပြန်လည်ရှာဖွေ ပေးအပ်နိုင်ခဲ့သည်။အဆိုပါ တရုတ်ခရီးသွားသည် ဖူးကွက်ကျွန်းမှ ထွက်ခွာရန် လေဆိပ်လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်စဉ် နာရီ ကျပျောက်သွားခဲ့ခြင်း ဖြစ်သည်။ လေဆိပ် ရဲတပ်ဖွဲ့နှင့် လုံခြုံရေး ဝန်ထမ်းများသည် CCTV မှတ်တမ်းများကို ချက်ချင်း ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ကျန်ရစ်ခဲ့သည့် နာရီကို ရှာဖွေတွေ့ရှိကာ ပိုင်ရှင်ဖြစ်သူထံ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်ခရီးသွားကလည်း ဗီယက်နမ် လေဆိပ်ရဲတပ်ဖွဲ့၏ လျင်မြန်စွာ ကူညီဆောင်ရွက်ပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

8