အရှေ့အလယ်ပိုင်း ဒေသတွင်း မတည်ငြိမ်မှုများနှင့် တင်းမာမှုများ ဖြစ်ပေါ်နေခြင်း၊ ကမ္ဘာ့ရွှေစျေးနှုန်းများ စံချိန်တင် မြင့်တက်နေခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် (Q2) အတွင်း မိုဟာမက် အာရပ်စော်ဘွားများ ပြည်နယ် (UAE) ၏ ရွှေထည်လက်ဝတ်ရတနာ ဝယ်လိုအားသည် ယခင်နှစ် အလားတူကာလထက် ၂၈ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ (World Gold Council) ၏ အစီရင်ခံစာများအရ သိရသည်။ကမ္ဘာ့ရွှေစျေးနှုန်းများ စံချိန်တင် မြင့်မားနေမှုကြောင့် စားသုံးသူများအနေဖြင့် ရွှေထည် လက်ဝတ်ရတနာ ဝယ်ယူမှုများကို လျှော့ချခဲ့ကြသော်လည်း အခြားတစ်ဖက်တွင်မူ ရွှေဒင်္ဂါးနှင့် ရွှေချောင်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရွှေထည်ပစ္စည်းများ ဝယ်ယူစုဆောင်းမှုမှာမူ အကာအကွယ်ပစ္စည်း (Safe-haven Asset) တစ်ခုအဖြစ် ဆက်လက် အားကောင်းနေဆဲဖြစ်သည်။
Aug 06 • 7:31 AM
UAE
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


