back

အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ ထုတ်လုပ်ရေးအတွက် MRF နှင့် ဗီယက်နမ်ကုမ္ပဏီများ MoU ရေးထိုး

Aug 05 • 12:04 PM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ ထုတ်လုပ်ရေးအတွက် MRF နှင့် ဗီယက်နမ်ကုမ္ပဏီများ MoU ရေးထိုး

မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က...

မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ ထိပ်တန်းမျိုးစေ့ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခဲ့ကြောင်း သိရသည်။ Senior Project Consultant ဦးသက်ဇင်မောင်နှင့် Senior Advisor ဦးလွင်ဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၂၀ ဦးသည် ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး Loc Troi Seeds Joint Stock Company နှင့် Vietnam National Seed Group JSC (VINASEED) တို့နှင့် တွေ့ဆုံ၍ မျိုးစေ့ထုတ်လုပ်ရေး နည်းပညာများကို လေ့လာဆွေးနွေးခဲ့ကြသည်။

news-view-count-icon

11