back

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်

Aug 05 • 11:46 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

AI နည်းပညာဖြင့် တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယှန်းမြို့၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားတွင် ဉာဏ်ရည်တု (AI) နည်းပညာသည် ဒေသတ...

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၊ ကွေ့ယှန်းမြို့၌ ကျင်းပသည့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် အခမ်းအနားတွင် ဉာဏ်ရည်တု (AI) နည်းပညာသည် ဒေသတွင်း ပညာရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည့် အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှ ပညာရေးတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြပြီး AI နည်းပညာကို အဆင့်မြင့်ပညာရေး သင်ရိုးညွှန်းတမ်းများ၌ ပေါင်းစပ်အသုံးပြုရေး၊ လုပ်ငန်းခွင်နှင့် ပညာရေး ချိတ်ဆက်မှု မြှင့်တင်ရေး၊ AI လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

14