menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ဒန်းနူဘီမြစ်ကို ရေလမ်းလွှဲရေး ကျောက်ဆောင်တစ်ခုအား ရိုမေးနီးယားဖောက်ခွဲ

Aug 05 • 4:44 AM

breaking-news

မြန်မာ

ပြည်ပ

မျှဝေမည်

share-news
cover

ဒန်းနူဘီမြစ်ကို ရေလမ်းလွှဲရေး ကျောက်ဆောင်တစ်ခုအား ရိုမေးနီးယားဖောက်ခွဲ

ရိုမေးနီးယားနိုင်ငံသည် ၎င်း၏လုပ်ငန်းလည်ပတ်ဆဲ လက်ကျန်နျူကလီးယားဓာတ်ပေါင်းဖိုကို အအေးဓာတ်ပေးနိုင်ရေးအတွက် မိုးခေါင်ရေရှားပြဿနာနှင့် ရင်ဆိုင်နေရသည့် ဒန်းနူဘီမြစ်ရေ...

cover-photo

ရိုမေးနီးယားနိုင်ငံသည် ၎င်း၏လုပ်ငန်းလည်ပတ်ဆဲ လက်ကျန်နျူကလီးယားဓာတ်ပေါင်းဖိုကို အအေးဓာတ်ပေးနိုင်ရေးအတွက် မိုးခေါင်ရေရှားပြဿနာနှင့် ရင်ဆိုင်နေရသည့် ဒန်းနူဘီမြစ်ရေကို ဓာတ်ပေါင်းဖိုရှိရာသို့ ရေလမ်းကြောင်း လွှဲပေးရေးအတွက် ဩဂုတ် ၃ ရက်တွင် ကျောက်ဆောင်တစ်ခုကို ဖောက်ခွဲဖယ်ရှားခဲ့ကြောင်း သိရသည်။ရိုမေးနီးယားနိုင်ငံ၏ အထက်ပါလုပ်ဆောင်ချက်သည် ဥရောပတစ်လွှားရင်ဆိုင်နေရသော စွမ်းအင်အကျပ်အတည်း၏ အတိုင်းအဆကို ပြသလျက်ရှိသည်။ရိုမေးနီးယားနိုင်ငံသည် ဒန်းနူဘီမြစ်ရေ စံချိန်တင်ကျဆင်းလာမှုကြောင့် ၎င်း၏နျူကလီးယား ဓာတ်ပေါင်းဖိုနှစ်လုံးအနက် တစ်လုံးကို ပြီးခဲ့သည့် သီတင်းပတ် အစောပိုင်းကပင် စက်လည်ပတ်မှုရပ်တန့်ထားရသည်။ကျန်ရှိသည့် နျူကလီးယားဓာတ်ပေါင်းဖိုတစ်လုံး ဆက်လက်လည်ပတ်နိုင်ရေး ဒန်းနူဘီမြစ်ရေဖြင့်အအေးဓာတ်ပေးနိုင်ရေးအတွက် ဓာတ်ပေါင်းဖိုဆီသို့ ရေလမ်းကြောင်း ပြောင်းလဲရန် ကျောက်ဆောင်တစ်ခုကိုဖောက်ခွဲဖယ်ရှားခဲ့ရကြောင်း ရိုမေးနီးယား တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။ရိုမေးနီးယားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဟန်ဂေရီနိုင်ငံသည်လည်း ဒန်းနူဘီမြစ်ရေ စံချိန်တင်ကျဆင်းမှုကြောင့် ၎င်း၏တစ်ခုတည်းသော နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို နှစ်ပေါင်း ၄၀ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စက်လည်ပတ်မှု ရပ်ထားရသည်။



news-view-count-icon

23

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၂)ရပ်ကွက်၊ ကမ်းနားလမ်းနှင့်မော်တင်လမ်းထောင့်တွင် YBS ယာဉ်(၁)စီး မီးခိုးထွက်နေ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူနေအိမ်များအတွင်းသို့ မြေစာများဝင်ရောက်မှုဖြစ်ပွား

cover-photo
right-arrow-icon