ထိုင်းနိုင်ငံမှာ အလိုအလျောက်မောင်းနှင်တဲ့ နည်းပညာတွေနဲ့ ယာဉ်မောင်းအကူစနစ်တွေအတွက် စက်မှုလုပ်ငန်းသုံး ဘေးကင်းရေးစံသ-တ်မှတ်ချက်အသစ် ၅ ခု ကို ဩဂုတ်လ ၃ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီ စံသ-တ်မှတ်ချက်တွေကို ထိုင်းစက်မှုစံသ-တ်မှတ်ရေးအင်စတီကျု (TISI) ကနေ ရေးဆွဲခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ မော်တော်ယာဉ်ဈေးကွက်မှာ တွင်ကျယ်လာတော့မယ့် အလိုအလျောက်မောင်းနှင်တဲ့ယာဉ်တွေအတွက် နိုင်ငံတကာ (ISO) စံနှုန်းတွေနဲ့အညီ ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။အဲဒီ စံသ-တ်မှတ်ချက် ၅ ခုမှာ ယာဉ်မောင်းစနစ် ချို့ယွင်းသွားချိန်မှာ ဘေးကင်းကင်းနဲ့ ရပ်တန့်နိုင်ဖို့အတွက် Minimal Risk Manoeuvre (MRM) စနစ်နဲ့ အရှိန်နှေးနှေးမောင်းနှင်နေချိန် တိုက်မိတာတွေ မဖြစ်အောင် တားဆီးပေးမယ့် Automated Braking (ABLS) စနစ်တွေ ပါဝင်ပါတယ်။ အရာဝတ္ထုတွေကို ရှောင်တိမ်းနိုင်ဖို့ စတီယာရင်ကို အလိုအလျောက် ထိန်းကျောင်းပေးမယ့် Collision Evasive Lateral Manoeuvre Systems (CELM) အတွက် လိုအပ်ချက်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။ကျန်ရှိနေတဲ့ စံသ-တ်မှတ်ချက်တွေကတော့ တစိတ်တပိုင်း အလိုအလျောက် ကားပါကင်ထိုးပေးမယ့် (PAPS) စနစ်နဲ့ လေဆိပ်နဲ့ စီးပွားရေးဇုန်တွေလို နေရာတွေမှာ အသုံးပြုမယ့် အလိုအလျှောက်မောင်းတဲ့ကားတွေအတွက် (Low-Speed Automated Driving Systems) ရဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွက် ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်းသစ်တွေဟာ အနာဂတ်မှာ ထိုင်းနိုင်ငံအတွင်း အလိုအလျောက်မောင်းနှင်တဲ့ ကားဝန်ဆောင်မှုတွေ စတင်ဖို့ ပြင်ဆင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ နည်းပညာပိုင်းရေးဆွဲသူတွေအတွက် အများကြီး အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။



