back

အပူချိန်လွန်ကဲမှုကြောင့် ဂျပန်နိုင်ငံရှိ တိုကျို Tama တိရစ္ဆာန်ရုံမှ ခြင်္သေ့ သုံးကောင် သေဆုံး

Aug 04 • 12:21 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

အပူချိန်လွန်ကဲမှုကြောင့် ဂျပန်နိုင်ငံရှိ တိုကျို Tama တိရစ္ဆာန်ရုံမှ ခြင်္သေ့ သုံးကောင် သေဆုံး

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tama Zoological Park တိရစ္ဆာန်ရုံတွင် အပူချိန်လွန်ကဲမှုကြောင့် ခြင်္သေ့ သုံးကောင် လေသင်တုန်းဖြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ ဇူလိုင်လ...

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Tama Zoological Park တိရစ္ဆာန်ရုံတွင် အပူချိန်လွန်ကဲမှုကြောင့် ခြင်္သေ့ သုံးကောင် လေသင်တုန်းဖြတ်၍ သေဆုံးခဲ့ကြောင်း သိရသည်။ ဇူလိုင်လလယ်ခန့်မှစ၍ တိရစ္ဆာန်ရုံရှိ ခြင်္သေ့ ၁၆ ကောင်အနက် ၁၀ ကောင်မှာ နာမကျန်းဖြစ်ခဲ့ပြီး မတ်တပ်မရပ်နိုင်ခြင်း၊ အစားပျက်ခြင်းများ ဖြစ်ပေါ်ခဲ့ရာ ဝန်ထမ်းများက ကုသပေးခဲ့သော်လည်း ဇူလိုင် ၂၈ ရက်တွင် အသက် ၃ နှစ်အရွယ်၊ ဇူလိုင် ၃၁ ရက်တွင် ၁၁ နှစ်အရွယ် နှင့် ဩဂုတ် ၂ ရက်တွင် ၁၅ နှစ်အရွယ် ခြင်္သေ့အမ သုံးကောင် ဆက်တိုက် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ရင်ခွဲစစ်ဆေးချက်များအရ ရေဓာတ်ခမ်းခြောက်မှုနှင့် ကိုယ်တွင်းအင်္ဂါ ရပ်ဆိုင်းမှုများ တွေ့ရှိရပြီး လက်ရှိတွင် ကျန်ခြင်္သေ့ သုံးကောင်ကို ဆက်လက်ကုသပေးနေကာ ခြင်္သေ့များ ပြသသည့် အစီအစဉ်ကိုလည်း ခေတ္တဆိုင်းငံ့ထားကြောင်း သိရသည်။

news-view-count-icon

10