back

မက်ဆီ ပြန်ကစားသည့်ပွဲတွင် အင်တာမိုင်ယာမီအသင်း ကိုလံဘတ်စ်ခရူနှင့် သရေကျ

Aug 02 • 3:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

မက်ဆီ ပြန်ကစားသည့်ပွဲတွင် အင်တာမိုင်ယာမီအသင်း ကိုလံဘတ်စ်ခရူနှင့် သရေကျ

အင်တာမိုင်ယာမီအသင်းသည် အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာမှ ပြန်လည်ပါဝင်လာသည့် အိမ်ကွင်းပွဲစဉ်တွင် ကိုလံဘတ်စ်ခရူအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သဖြင့် နိုင်ပွဲပျောက်ဆုံးခ...

အင်တာမိုင်ယာမီအသင်းသည် အသင်းခေါင်းဆောင် မက်ဆီ ဒဏ်ရာမှ ပြန်လည်ပါဝင်လာသည့် အိမ်ကွင်းပွဲစဉ်တွင် ကိုလံဘတ်စ်ခရူအသင်းနှင့် ၂ ဂိုးစီ သရေကျခဲ့သဖြင့် နိုင်ပွဲပျောက်ဆုံးခဲ့ရသည်။ အင်တာမိုင်ယာမီအသင်းသည် ပထမပိုင်းတွင် ၂ ဂိုး ၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး မက်ဆီမှာ ပွဲချိန် ၅၃ မိနစ်တွင် လူစားဝင် ကစားခဲ့သော်လည်း ပွဲချိန် ၈၄ မိနစ်၌ ချေပဂိုး ပြန်လည်ပေးလိုက်ရခြင်းဖြစ်သည်။ ကမ္ဘာ့ဖလားအပြီး မေဂျာလိဂ် ပြန်လည်စတင်ချိန်တွင် ၂ ပွဲဆက် အနိုင်ရရှိထားသည့် အင်တာမိုင်ယာမီအတွက် ယခုပွဲသည် တတိယပွဲမြောက်တွင် နိုင်ပွဲရပ်တန့်ခဲ့ခြင်းဖြစ်ကာ ဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်ကမူ နောက်ဆုံး ၃ ပွဲစလုံး၌ ဂိုးသွင်းယူနိုင်ခဲ့ပြီး စုစုပေါင်း ၄ ဂိုးအထိ သွင်းယူထားနိုင်ကြောင်း သိရသည်။

news-view-count-icon

23