back

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

Jul 30 • 2:50 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီးရှိ မန္တလေးတူးမြောင်းမကြီးအတွင်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦ...

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နှမ်းကြဲကျေးရွာအနီးရှိ မန္တလေးတူးမြောင်းမကြီးအတွင်း ၂၀၂၆ ခုနှစ် ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခွဲအချိန်ခန့်က အမျိုးသားတစ်ဦး ရေနစ်နေကြောင်း သတင်းရရှိသဖြင့် ပုသိမ်ကြီးမြို့နယ် မီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေကြေးစည် လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။အဆိုပါ ရေနစ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား ရွှေကြေးစည် လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

news-view-count-icon

25