back

ချင်းမိုင်မြို့တွင် ၁၅ နှစ်အရွယ် မြန်မာလူငယ်တစ်ဦး ကျားဖြန့်အဖွဲ့များ၏ ဖြားယောင်းခေါ်ထုတ်ခြင်း ခံရဟု ယူဆရကာ ပျောက်ဆုံးနေ

Jul 29 • 1:36 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်မြို့တွင် ၁၅ နှစ်အရွယ် မြန်မာလူငယ်တစ်ဦး ကျားဖြန့်အဖွဲ့များ၏ ဖြားယောင်းခေါ်ထုတ်ခြင်း ခံရဟု ယူဆရကာ ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မိဘများနှင့်အတူ နေထိုင်သည့် ၁၅ နှစ်အရွယ် မြန်မာလူငယ် မောင်စွမ်းပြည့်ပိုင်စိုးသည် Telegram မှတစ်ဆင့် ဖြားယောင်းသွေးဆောင်ခံရပြီ...

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မိဘများနှင့်အတူ နေထိုင်သည့် ၁၅ နှစ်အရွယ် မြန်မာလူငယ် မောင်စွမ်းပြည့်ပိုင်စိုးသည် Telegram မှတစ်ဆင့် ဖြားယောင်းသွေးဆောင်ခံရပြီး ကျားဖြန့် (အွန်လိုင်းငွေလိမ်) ဂိုဏ်းများ၏ ခေါ်ထုတ်ခြင်းခံရသည်ဟု ယူဆရကာ ဇူလိုင် ၂၈ ရက်မှစ၍ ပျောက်ဆုံးနေသည်။ ၎င်းကို ချင်းမိုင်ကားဂိတ် (Chiang Mai Bus Terminal) ၌ နောက်ဆုံးတွေ့ရှိခဲ့ရပြီး CCTV မှတ်တမ်းများအရ အခြားမြို့သို့ ကူးပြောင်းသွားသည့် အရိပ်အယောင် တွေ့ရကြောင်း သိရသည်။ လက်ရှိတွင် မိသားစုဝင်များက ချင်းမိုင်ရဲစခန်း၌ တိုင်ကြားထားပြီး ထိုင်းအာဏာပိုင်များက ရှာဖွေလျက်ရှိရာ သတင်းအစအန ရရှိပါက ဖုန်း ၀၉၀၉၀၂၂၃၂၆ သို့ ဆက်သွယ်ပေးပါရန် အကူအညီတောင်းခံထားသည်။

news-view-count-icon

13