နေပြည်တော် ဈေးကွက်အတွင်းသို့ ကြက်သွန်နီ ဝင်ရောက်မှု နည်းပါးလာခြင်းကြောင့် တစ်လကျော် ကာလအတွင်း ကြက်သွန်နီဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။ပြီးခဲ့သည့် နွေရာသီကာလက ဒေသထွက် ကြက်သွန်နီများအပြင် ပျော်ဘွယ်၊ မိတ္ထီလာနှင့် မြစ်သား ဒေသများမှပါ အပြိုင် ဝင်ရောက်ခဲ့သဖြင့် ဥကြီး တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၂,၅၀၀ ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိတွင် မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးနိုင်သဖြင့် ကုန်သည်များ သယ်ယူမှု လျှော့ချလိုက်ခြင်း၊ ဒေသထွက်နှင့် မြစ်သားဥများ ပစ္စည်းပြတ်သွားခြင်းတို့ကြောင့် အဝင်နည်းကာ ဈေးတက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ပျော်ဘွယ်ဘက်မှ ထွက်သည့် ကြက်သွန်နီများသာ ဝင်ရောက်တော့ပြီး ကြက်သွန်နီဥကြီး တစ်ပိဿာလျှင် ကျပ် ၄,၅၀၀ နှင့် အလတ် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
Jul 29 • 3:32 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 14 | 0 | 0 | 0 |


