ရန်ကုန်မြို့တွင်း မြို့နယ်အချို့သို့ ရေဖြန့်ဖြူးပေးနေသည့် လှော်ကားရေလှောင်ကန်၊ ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်) နှင့် ဒလမြို့နယ်သို့ ရေပေးဝေသည့် ရန်ကုန်ပေါက် ရေပေးဝေရေးစခန်းတို့တွင် ဇူလိုင် ၂၆ ရက်က လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်ခဲ့သဖြင့် ရေဖြန့်ဖြူးချိန်အတွင်း ရေအားနည်းမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အခက်အခဲဖြစ်ခဲ့ရသည့် သုံးစွဲသူ ပြည်သူများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ယနေ့ (ဇူလိုင် ၂၇ ရက်) တွင် ပြန်လည်တောင်းပန် ထုတ်ပြန်ခဲ့ပြီး ရေသုံးစွဲရန် အခက်အခဲရှိပါက သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်
။
ရန်ကုန်မြို့၌ လျှပ်စစ်ဓာတ်အားပြတ်တောက်၍ ရေပေးဝေစဉ် ရေအားနည်းမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရန်ကုန်စည်ပင် တောင်းပန်
Jul 27 • 9:40 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 15 | 0 | 0 | 0 |


