ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ပြင်ပစက်သုံးဆီဈေးနှုန်းများ တစ်လီတာလျှင် ကျပ် ၉,၀၀၀ နီးပါးအထိ မြင့်တက်လာသဖြင့် Delivery ပစ္စည်းပို့ဆောင်သူများနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် အသုံးပြုသည့် ဒေသခံများ အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ ပြင်ပဆိုင်များတွင် 92 ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၈,၅၀၀ မှ ကျပ် ၉,၀၀၀ ဝန်းကျင်အထိ ရောင်းချနေပြီး ယခင်အပတ် ကျပ် ၆,၅၀၀ ဝန်းကျင်ရှိခဲ့ရာမှ သိသိသာသာ ဈေးတက်လာခြင်း ဖြစ်သည်။တရားဝင် စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများမှာလည်း 92 ဓာတ်ဆီ တစ်လီတာလျှင် ကျပ် ၃,၃၅၅ မှ ကျပ် ၃,၄၉၅ သို့လည်းကောင်း၊ 95 ဓာတ်ဆီမှာ ကျပ် ၃,၄၃၀ မှ ကျပ် ၃,၆၀၅ သို့လည်းကောင်း၊ ဒီဇယ်မှာ ကျပ် ၃,၃၁၀ မှ ကျပ် ၃,၆၉၅ သို့လည်းကောင်း၊ Premium ဒီဇယ်မှာ ကျပ် ၄,၀၄၀ မှ ကျပ် ၄,၄၅၅ သို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့သည်။တောင်ကြီးမြို့ရှိ လိုင်စင်ရ ဆီဆိုင်များသည် လိုင်စင်မဲ့ ဆိုင်ကယ်များကို ဆီဖြည့်ပေးခြင်း မရှိသည့်အပြင် တစ်ပတ်လျှင် ၈ လီတာသာ ကန့်သတ်ရောင်းချပေးသဖြင့် ဒေသခံ အများစုမှာ ဈေးနှုန်းကြီးမြင့်သည့် ပြင်ပဆီဆိုင်များကိုသာ အဓိက အားထားနေရသောကြောင့် ကုန်ကျစရိတ် မြင့်တက်ကာ စီးပွားရေး ဖိအားများနှင့် ကြုံတွေ့နေကြရသည်။
ရှမ်းပြည်နယ်၊တောင်ကြီး၌ ပြင်ပစက်သုံးဆီဈေး တစ်လီတာ ကျပ် ၉,၀၀၀ နီးပါးထိ တက်လာသဖြင့် ပစ္စည်းပို့သူများနှင့် ပြည်သူများ အခက်တွေ့နေ
Jul 27 • 6:44 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 11 | 0 | 0 | 0 |


