တောင်ကြီးမြို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ပြည်သူများ၏ ဝင်ငွေ နည်းပါးနေသော်လည်း အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ပြီးခဲ့သည့် မတ်လနှင့် နှိုင်းယှဉ်ပါက (ကြက်သွန်နှင့် အာလူးမှလွဲ၍) ဆက်လက်မြင့်တက်နေသဖြင့် အခြေခံလူတန်းစား ပြည်သူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ စက်သုံးဆီ ဈေးကြီးမြင့်မှု၊ ဝယ်ယူရခက်ခဲမှုတို့နှင့်အတူ ကုန်စည်ဈေးနှုန်းများ မြင့်တက်နေသဖြင့် တစ်နေ့လျှင် သောင်းဂဏန်းဝန်းကျင်နှင့် လစာ ကျပ် ၂ သိန်းခွဲခန့်သာ ရရှိသော အခြေခံလုပ်သားများမှာ ထမင်းနပ်မှန်အောင် စားသောက်နိုင်ရန် တော်တော်မက ရုန်းကန်နေရကြောင်း သိရသည်။
Jul 26 • 11:26 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


