back

မလေးရှားနိုင်ငံ ၂၀၂၈ ခုနှစ်တွင် ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေး စတင်ထုတ်လုပ်ရန် စီစဉ်

Jul 26 • 9:51 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံ ၂၀၂၈ ခုနှစ်တွင် ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေး စတင်ထုတ်လုပ်ရန် စီစဉ်

မလေးရှားနိုင်ငံသည် ပြည်ပမှ ကာကွယ်ဆေး တင်သွင်းမှီခိုမှုကို လျှော့ချရန်နှင့် ကျန်းမာရေးကဏ္ဍ အားကောင်းစေရန်အတွက် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လူသ...


မလေးရှားနိုင်ငံသည် ပြည်ပမှ ကာကွယ်ဆေး တင်သွင်းမှီခိုမှုကို လျှော့ချရန်နှင့် ကျန်းမာရေးကဏ္ဍ အားကောင်းစေရန်အတွက် ၂၀၂၈ ခုနှစ်တွင် နိုင်ငံ၏ ပထမဆုံး ပြည်တွင်းထုတ် လူသုံးကာကွယ်ဆေး (PCV13) ကို ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။ အဆုတ်ရောင်နှင့် ဦးနှောက်အမြေးရောင် ရောဂါများကို ကာကွယ်ပေးနိုင်သည့် အဆိုပါ PCV13 ကာကွယ်ဆေးကို တရုတ်ကုမ္ပဏီတစ်ခုထံမှ နည်းပညာလွှဲပြောင်းရယူကာ ပြည်တွင်းကုမ္ပဏီ Pharmaniaga က ထုတ်လုပ်သွားမည်ဖြစ်သည်။ လက်ရှိတွင် မလေးရှားနိုင်ငံသည် လိုအပ်သော ကာကွယ်ဆေးများအားလုံးကို အမေရိကန်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယနှင့် အင်ဒိုနီးရှား စသည့် ပြည်ပနိုင်ငံများမှ တင်သွင်းနေရကြောင်း သိရသည်။

news-view-count-icon

15