အိန္ဒိယ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ပို့ဘလဲမြို့၌ ထိန်းသိမ်းခံခဲ့ရသည့် မြန်မာ ရေလုပ်သား ၂၆ ဦးသည် ဇူလိုင် ၂၃ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အဆိုပါ ရေလုပ်သားများ ဘေးကင်းစွာ ပြန်လည်ထွက်ခွာနိုင်ရန် နယူးဒေလီမြို့ရှိ မြန်မာသံရုံးနှင့် ကောလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က အိန္ဒိယ အာဏာပိုင်များနှင့် ညှိနှိုင်း၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (C.O.I) များ ထုတ်ပေးခြင်းနှင့် ခရီးစဉ်ဆိုင်ရာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 26 • 9:47 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


