လှော်ကားရေတွန်းစက်ရုံမှ Transformer စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ လာမည့် ဇူလိုင် ၂၇ ရက် မွန်းတည့် ၁ နာရီမှ ညနေ ၃ နာရီအထိ ရေပေးဝေရေး ခေတ္တရပ်နားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က အသိပေးထုတ်ပြန်ထားသည်။ ယင်းအစီအစဉ်ကြောင့် ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်နှင့် ကမာရွတ် အပါအဝင် မြို့နယ် ၁၆ မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများ ရေကြိုတင် စုဆောင်းထားကြရန် နှိုးဆော်ထားသည်။
Jul 25 • 12:45 PM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 28 | 0 | 0 | 0 |


