ထိုင်းနိုင်ငံသား အမည်ခံ၍ နိုင်ငံခြားသားများ လုပ်ကိုင်နေသည့် တရားမဝင် စီးပွားရေးလုပ်ငန်းများကို ဩဂုတ် ၁ ရက်မှစတင်ကာ တင်းကြပ်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ လလိဒါက ဇူလိုင် ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်းအစိုးရအနေဖြင့် စီးပွားရေး လုပ်ငန်းလိုင်စင်များ၊ ရှယ်ယာပါဝင်မှု၊ ဘဏ်စာရင်းများနှင့် ဘဏ္ဍာရေး စာရင်းဒေတာများကို စစ်ဆေးသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုလို စစ်ဆေးခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို တားဆီးရန် မဟုတ်ဘဲ တရားဝင် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ကာကွယ်ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။


