အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၄) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ကာ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်သည်။
အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၈၂ ဦး၊ စုစုပေါင်း ၄၇၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့သည်။



