back

တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို ရေအမြောက်နဲ့ ပစ်ခတ်ကာတောင်တရုတ်ပင်လယ်ပြင်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ထိပ်တိုက်တွေ့မှုဖြစ်လာ

Jul 25 • 3:00 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်ကမ်းခြေစောင့်တပ်က ဖိလစ်ပိုင်သင်္ဘောနှစ်စင်းကို ရေအမြောက်နဲ့ ပစ်ခတ်ကာတောင်တရုတ်ပင်လယ်ပြင်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ထိပ်တိုက်တွေ့မှုဖြစ်လာ

တောင်တရုတ်ပင်လယ်ပြင်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ထိပ်တိုက်တွေ့မှုအဖြစ် ဇူလိုင် ၂၄ ရက် သောကြာနေ့မှာ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတွေက ဖိလစ်ပိုင်အစိုးရရဲ့ ငါးလုပ်ငန...

တောင်တရုတ်ပင်လယ်ပြင်မှာ တစ်ပတ်အတွင်း တတိယအကြိမ် ထိပ်တိုက်တွေ့မှုအဖြစ် ဇူလိုင် ၂၄ ရက် သောကြာနေ့မှာ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတွေက ဖိလစ်ပိုင်အစိုးရရဲ့ ငါးလုပ်ငန်းသင်္ဘောနှစ်စင်းကို အားပြင်းတဲ့ ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာရှနဲ့ အနောက်နိုင်ငံတွေက ထိပ်တန်းသံတမန်တွေ ပါဝင်တက်ရောက်ကြတဲ့ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတွေကျင်းပနေချိန် တောင်တရုတ်ပင်လယ်အတွင်း ယခုလို တရုတ်နဲ့ ဖိလစ်ပိုင်တို့ ထိတိုက်တိုးမှု ဖြစ်စဉ်တွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။ယခုဖြစ်စဉ်ဟာ စကာဘိုရို ရေတိမ်ပိုင်း (Scarborough Shoal) အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောပါတယ်။ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတစ်စင်းဟာ ဖိလစ်ပိုင်အစိုးရ ငါးလုပ်ငန်းသင်္ဘော အနီး ခုနစ်မီတာခန့်အထိ ချဉ်းကပ်လာခဲ့ပါတယ်။ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က တရုတ်ကမ်းခြေစောင့်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို “အန္တရာယ်ရှိပြီး ဆင်ခြင်မဲ့တဲ့ လုပ်ရပ်တွေ” လို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ စကာဘိုရိုရေတိမ်ပိုင်းဟာ ဖိလစ်ပိုင်ပိုင်နက်ရဲ့ အစိတ်အပိုင်းဖြစ်ပြီး အနီးဝန်းကျင်ရေပြင်ကလည်း ဖိလစ်ပိုင်ရဲ့ သီးသန့်စီးပွားရေးဇုန် (Exclusive Economic Zone – EEZ) ထဲ ပါဝင်တယ်လို့ ဆိုပါတယ်။ တရုတ်ကမ်းခြေစောင့်တပ်ကတော့ စကာဘိုရို ရေပိုင်နက်အတွင်း တရားမဝင်လုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်သင်္ဘောအများအပြားကို ထိန်းချုပ်ရေးအစီအမံတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ မနီလာမြို့မှာ ကျင်းပနေတဲ့ သုံးရက်ကြာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကမ္ဘာတလွှားက မိတ်ဖက်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တံခါးပိတ်ဆွေးနွေးပွဲမှာ တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှုတွေဟာ အဓိကအကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့ တရုတ်တို့အကြား ရေပိုင်နက်အငြင်းပွားမှုကနေ ကြီးမားတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအထိ မရောက်အောင် တားဆီးဖို့ ရည်ရွယ်တဲ့ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေပြီး “သိသာထင်ရှားတဲ့ တိုးတက်မှု” ရရှိထားတယ်လို့ဆိုပါတယ်။ ဒီနှစ်အတွင်း ဆွေးနွေးမှုတွေကို အပြီးသတ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။



news-view-count-icon

12