အမေရိကန်ပြည်ထောင်စုဟာ အတင်းအဓမ္မ လုပ်အားခိုင်းစေမှု တားဆီးကာကွယ်ရေး အားနည်းချက်တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက လာတဲ့ ကုန်ပစ္စည်းတွေအပေါ် ၁၂.၅ ရာခိုင်နှုန်း အခွန်တိုးမြှင့်ကောက်ခံလိုက်ပါတယ်၊၊ အဲဒီအခွန်စည်းကြပ်မှုဟာ ဇူလိုင် ၂၄ ရက်မှာ စတင်သက်ရောက်မှာဖြစ်ပြီး ကုန်သွယ်ဖက် ၆၀ ကို ပစ်မှတ်ထား ကောက်ခံတာ ဖြစ်ပါတယ်၊၊ အရင်က ယာယီကောက်ခံခဲ့တဲ့ ၁၀ ရာခိုင်နှုန်း အခွန်နှုန်း သက်တမ်းကုန်ဆုံးချိန်မှာ အဲဒီ အခွန်စနစ်သစ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်၊၊ထိုင်းနိုင်ငံမှာတော့ အဓမ္မ လုပ်အားခိုင်းစေမှု ပြဿနာဟာ အဓိကအားဖြင့် ရွှေ့ပြောင်းလုပ်သားတွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်၊၊ အထူးသဖြင့် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး၊ အထည်ချုပ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ တရားမဝင် ပွဲစားခ ကြွေးနွံတွေကြောင့် ရုန်းမထွက်နိုင်ဘဲ အလုပ်လုပ်ရတာ၊ ပတ်စ်ပို့နဲ့ အထောက်အထား စာရွက်စာတမ်းတွေ သိမ်းဆည်းခံရတာ၊ လုပ်ခလစာ မပြည့်ဝဘဲ အချိန်ပို အပြင်းအထန် ခိုင်းစေခံရတာ စတဲ့ ပုံစံတွေနဲ့ တွေ့ရှိရလေ့ ရှိပါတယ်၊၊
ထိုင်းနိုင်ငံအပြင် တရုတ်နဲ့ ဗီယက်နမ် အပါအဝင် ကုန်သွယ်ဖက် ၃၈ နိုင်ငံဟာ ၁၂.၅ ရာခိုင်နှုန်း ကောက်ခံမယ့် အုပ်စုမှာ ပါဝင်နေပြီး အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား အပါအဝင် ၁၇ နိုင်ငံကတော့ ၁၀ ရာခိုင်နှုန်းပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်၊၊ အဲဒီ အခွန်တိုးမြှင့်မှုကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ မြေသြဇာ၊ အချို့အစားအသောက်တွေနဲ့ မော်တော်ယာဉ်၊ သံမဏိ စတဲ့ အမျိုးအစားအချို့ကိုတော့ ကင်းလွတ်ခွင့် ပေးထားပါတယ်၊၊အဲဒီ စည်းကြပ်မှုတွေကို ၁၉၇၄ ခုနှစ် ကုန်သွယ်ရေး အက်ဥပဒေ ပုဒ်မ ၃၀၁ အရ စုံစမ်းစ-စ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊၊ အမေရိကန် တရားလွှတ်တော်ချုပ်က ယခင် သမ္မတရဲ့ အရေးပေါ် စီးပွားရေး အာဏာသုံး အခွန်ကောက်ခံမှုကို ပယ်ဖျက်ခဲ့ပြီးနောက် အခုလို အခွန်သစ်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တာ ဖြစ်ပါတယ်၊၊



