ယခင်က ရက်သတ္တပတ်ပေါင်းများစွာမှ လပေါင်းများစွာအထိ ကြာမြင့်ခဲ့သည့် MSME ချေးငွေ စိစစ်မှုလုပ်ငန်းစဉ်များကို မိနစ်ပိုင်း သို့မဟုတ် ရက်အနည်းငယ်အတွင်း အချိန်တိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည့် MSME Digital Lending Application ကို ရေးဆွဲတည်ဆောက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားလိုက်သည်။ ဇူလိုင် ၂၃ ရက်က နေပြည်တော်၌ ကျင်းပသည့် အဆိုပါ အက်ပလီကေးရှင်း တည်ဆောက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုစနစ်အားဖြင့် MSME ချေးငွေ လျှောက်ထားစိစစ်မှုများကို ပိုမိုမြန်ဆန် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။
Jul 24 • 12:58 PM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 16 | 0 | 0 | 0 |


