ချင်းပြည်နယ်၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်၊ လွန်းနဲလ်လမ်း၌ ဇူလိုင် ၂၄ ရက် (၂၄.၇.၂၀၂၆) နံနက် ၈:၂၀ နာရီအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေထိန်းနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရရှိသဖြင့် တီးတိန်မြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ပြိုကျနိုင်သည့် အန္တရာယ်ရှိသော နေရာများနှင့် ကျောက်တုံးများအား သွားရောက် ကူညီရှင်းလင်းပေးခဲ့ကြောင်း သိရသည်။



