back

မကွေးမြို့၌ အုတ်၊ သဲ၊ ကျောက်များ ဈေးနှုန်း မြင့်တက်

Jul 24 • 5:03 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးမြို့၌ အုတ်၊ သဲ၊ ကျောက်များ ဈေးနှုန်း မြင့်တက်

မကွေးမြို့၏ အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း မိုးရာသီ ကာလ ထုတ်လုပ်မှု အခက်အခဲများကြောင့် အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း လုပ်ငန်းရှင်မျာ...

မကွေးမြို့၏ အိမ်ဆောက်ပစ္စည်း ဈေးကွက်အတွင်း မိုးရာသီ ကာလ ထုတ်လုပ်မှု အခက်အခဲများကြောင့် အုတ်၊ သဲ၊ ကျောက် ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။လက်ရှိ မကွေးမြို့၌ အုတ်တစ်လုံးလျှင် ငွေကျပ် ၃၆၀ မှ ၄၀၀ ကျပ်အထိ ပေါက်ဈေး ရှိနေပြီး ပွင့်လင်းရာသီ ကာလက အုတ်တစ်လုံးလျှင် ကျပ် ၃၂၀ ခန့်သာ ရှိခဲ့သည်။ ထို့ပြင် မြစ်သဲနှင့် ကျောက်ဈေးနှုန်းများမှာလည်း ယခင်ထက် တစ်ကျင်းလျှင် ငွေကျပ် ၂၀,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်။လက်ရှိ မကွေးမြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးသည့် ဈေးနှုန်းများမှာ မြစ်သဲတစ်ကျင်းလျှင် ငွေကျပ် ၅၀,၀၀၀ နှင့် ကျောက်စရစ်တစ်ကျင်းလျှင် ငွေကျပ် ၁၂၀,၀၀၀ အထိ အသီးသီး ရှိနေသော်လည်း အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

17