back

ပြည်တွင်း၌ သစ်ကုန်ကြမ်း ရရှိမှု ခက်ခဲခြင်းကြောင့် ဘုရားပလ္လင်နှင့် တံကဲ လုပ်ငန်းများ အခက်တွေ့

Jul 24 • 3:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ သစ်ကုန်ကြမ်း ရရှိမှု ခက်ခဲခြင်းကြောင့် ဘုရားပလ္လင်နှင့် တံကဲ လုပ်ငန်းများ အခက်တွေ့

ဘုရားဆင်းတုတော်များတွင် သုံးစွဲသည့် ပလ္လင်နှင့် တံကဲ ပြုလုပ်သည့် ရိုးရာ လက်မှုလုပ်ငန်းများမှာ အော်ဒါမှာယူမှုများ ရှိသော်လည်း သစ်ကုန်ကြမ်း ရရှိရန် ခက်ခဲခြင်းကြော...

ဘုရားဆင်းတုတော်များတွင် သုံးစွဲသည့် ပလ္လင်နှင့် တံကဲ ပြုလုပ်သည့် ရိုးရာ လက်မှုလုပ်ငန်းများမှာ အော်ဒါမှာယူမှုများ ရှိသော်လည်း သစ်ကုန်ကြမ်း ရရှိရန် ခက်ခဲခြင်းကြောင့် လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ကုန်ကြမ်း ရှားပါးမှုနှင့် အထွေထွေ ကုန်ဈေးနှုန်း မြင့်တက်မှုများကြောင့် ပလ္လင်နှင့် တံကဲ ဈေးနှုန်းများမှာ ယခင်ကထက် ၃ ဆခန့်အထိ မြင့်တက်လာခဲ့ပြီး ဖောက်သည်ဈေးနှုန်းအဖြစ် တစ်လက်မလျှင် ငွေကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ကြားအထိ ဖြစ်ပေါ်နေသည်။ ယခင်က မန္တလေးမြို့တွင် ပလ္လင်နှင့် တံကဲ လုပ်ငန်းရှင် ၃၀၀ ကျော် ရှိခဲ့သော်လည်း လုပ်ငန်း အရောင်းအဝယ် မတွင်ကျယ်တော့သဖြင့် ပြောင်းလဲ လုပ်ကိုင်ကြရာမှ လက်ရှိတွင် လုပ်ငန်းရှင် ၁၀၀ ဝန်းကျင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

news-view-count-icon

28